Posts

Showing posts from October 13, 2011

အစ္စလာမ်က ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြိး ဘာကြောင့် ကအ်ဗာဘက်ကို ဦးချနေကြရတာလဲ............?

အမေး ; : အစ္စလာမ်က ရုပ်ပွား ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့် ကအ်ဗာဘက်ကို ဦးချနေကြရတာလဲ။ အဖြေ ကအ်ဗာက ကိဗလာ ဖြစ်တယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ် စလင်တွေ မျက်နှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြုချိန်မှာ မွတ်စလင်တွေဟာ ကအ်ဗာဖက်ကို မျက်နှာမူသာ မူကြပေမဲ့ သူတို့က ကအ်ဗာကို ဝတ်ပြု ကိုးကွယ်နေကြတာ မဟုတ်ကြောင်းကိုတော့ မှတ်သားထားဖို့ အရေးကြီး ပါတယ်။ မွတ်စလင်တွေဟာ အလ္လာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။ စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာကတော့ ... “ငါအရှင်သည် အသင်၏ မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွှန်အတွက်) လှည့်လည်ကြည့်နေသည်ကို မြင်နေတော်မူသည်။ ယခု ငါအရှင်က အသင် နှစ်မျို့မည့် ကိဗလာဟ် တစ်ခုဖက်သို့ လှည့်စေတော်မူမှာ ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏ မျက်နှာကို မတ်စဂျီဒိ ဟရာမ် ဝတ်ကျောင်းတော်ဖက်သို့ လှည့်ပါလေ။အသင်တို့ အဘယ်မှာပဲ ရှိနေ ရှိနေ အသင်တို့၏ မျက်နှာများကို ယင်းဘက်သို့သာ လှည့်ကြလော့။” [ အလ် ကုရ်အာန် ၂း ၁၄၄ ] ၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည် ဥပမာပြရရင် မွတ်စလင်တွေ ဆွလားသ်ဝတ်ပြုလိုကြတယ် ဆိုလျှင် တချို့က မြောက်အရပ်သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ

ငလျှင်လှုပ်ခြင်းများ အဘယ်ကြောင့်ဖြစ်ပေါ်နေသနည်း..........???

ငလျှင်လှုပ်ခြင်းများ အဘယ်ကြောင့်ဖြစ်ပေါ်နေသနည်း။ ယခုအခါ ကမ္ဘာပေါ်တွင် ငလျှင်လှုပ်ခြင်း၊ လေမုန်းတိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းခြင်း၊ဆူနာမီများဖြစ်ပေါ်ခြင်း၊မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရယ်ဆိုးများသည် တိုင်းပြည် အသီးသီး၊ နေရာဒေသအသီးသီးတို့ဍ် ဖြစ်ပေါ်တွေ့ကြုံခံစားနေရပါသည်။ ယင်းဖြစ်ရပ်အပေါ် ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များအနေဖြင့် သိပ်ပံပညာ ရှင်များ၏အဆိုကိုသာ အာရုံထားကြပြီး မြေငလျှင်လှုပ်ခြင်းသည် ကမ္ဘာကြီးပူနွေးလာပြီး ရေခဲပြင်များအရည်ပျော်ခြင်းကြောင့်၊ ဆူနာမီဖြစ်ပေါ်ခြင်းသည် သမုဒ္ဒရာရေအောက်ကြမ်းပြင်များ အက်ကွဲသွားခြင်းကြောင့်၊လေမုန်းတိုင်းများတိုက်ခတ်ခြင်းသည် လေဖိအားနည်းရပ်ဝန်းများ အားကောင်းလာခြင်းကြောင့်ဟု မှတ်ယူကြပေသည်။ စင်စစ်မှာယင်းအကြောင်းခံများကို ဖြစ်ပေါ်အောင် မည်သူကပြုလုပ်နေပါသလဲ? အဘယ်ကြောင့်ပြုလုပ်နေပါသလဲ?၊ တရားတ်ေကအဘယ်ကဲ့သို့ အမိန့်ချမှတ်ထားပါသလဲ?၊စသည့်အချက်များကိုသိရှိရန် အထူးလိုအပ်ပေသည်။ သို့မဟုတ်ပါက မိမိတို့လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်နိုင်ကြမည် မဟုက်ဘဲ နှလုံးသားများမာကျောခတ်ထန်သူများ ဖြစ်သွားကြပေမည်။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်အမိန့်ရှိထားသည်မှာ

ဂုဏ်ယူစရာအကောင်းဆုံးအစ္စလာမ်ရဲ့ပထမဦးဆုံး "မိုအပ်ဇင်"..

ဟစ်ဂျရီ- ၁ ခုနှစ်ထိ မွတ်စလင်မ်တွေအဖို့ နမားဇ်အတွက်ဘယ်လိုဖိတ်ခေါ်ရမယ်ဆိုတာသတ်မှတ်ချတ် ဘာမှမရှိသေးပါဘူး။ ရုပ်တုကိုးကွယ်တဲ့သူတွေက သူတို့ရှိခိုးပူဇော်တဲ့အခါ ခရုသင်းမှုတ်ကြတယ်။ ခရစ်ယာန်တွေက ခေါင်းလောင်းထိုးကြတယ်။ ယဟူဒီကတော့တံပိုးခရာမှုတ်ကြတယ်။မွတ်စလင်မ်တွေမှာနမားဇ်ကိုအချိန်သတ်မှတ်ချက်နဲ့၊ဂျမာအတ်အစုအဝေးနဲ့ဝတ်ပြုဖို့အမိန့်တော်ရောက်လာ တော့နမားဇ်အချိန် ဘယ်လိုနည်းနဲ့ဟုစည်းကြမလဲဆို စဉ်းစားကြရတော့တယ်။ တမန်တော်မြတ်ကတော့ နမားဇ်အချိန်ရောက်ရင် ကျန်တဲ့လူတွေကို လိုက်ခေါ်ခိုင်းမယ်ပေါ့။ အိုမရ်သခင်က အကြံပေးတယ်။ နမားဇ်ချိန်ရောက်ရင် "အတ်စွလာတု ဂျမေအဟ်"လို့ဟစ်ကြွေးလိုက်ရင်မကောင်းဘူးလားလို့၊ တမန်တော်မြတ် (صلي الله عليه و سلم) က လက်ခံသဘောတူလိုက်တယ်။ ဟစ်ကြွေးမယ့်သူကိုရှာလိုက်တော့- ဘီလာလ်သခင်ဟာ အသံဩဇာ သိပ်ကောင်းတယ်၊သူ့အသံကို၂မိုင်၊၃မိုင်လောက်ကတောင်ကြားနိုင်တယ်။တမန်တော်မြတ်ကဘီလာလ်သခင်ကိုမိုအပ်ဇင်အဖြစ်ခန့်အပ်တော်မူလိုက် တယ်။ရက်သိပ်မကြာခင်ပဲ၊ အိုမရ်သခင်ဟာ ညဘက်အိပ်မက်ထဲမှာ အဇာန်အကြောင်းအိပ်မက်မက်တယ်။ အိပ်ရာက လန့်နိုးပြီးတမန်တော်မြတ်ထံမှာ မိမိအိပ်မက်အကြောင်း အလုံးစုံလျှောက်ထားတယ်။ တမန်တော်မြတ် (صلي الله عليه

Halal တံဆိပ်မြင်တိုင်းစားလို့ မရ.......

ကြုံတွေ့ ခဲ့ရဲ့  အဖြစ်အပျက်တခုကို ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်တဲ့နေရာ သွားနေရသူတွေအတွက် ဝေမျှလိုပါတယ်။ တလောက ရှမ်းတွေ နှစ်ပေါင်း ရာနဲ့ ချီကတည်းက အခြေချနေထိုင်တဲ့ မြို့ ငယ်တခုကိုရောက်သွားတော့ ထမင်းစားဖို့ ဆိုင်လိုက်ရှာရင်း ဟလာလ်တံဆိပ်ကြီးကြီးတပ်ထားတဲ့ဆိုင်တဆိုင်တွေ့ လို့  ၀င်ထိုင်ဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က တခေါက်ရောက်ဖူးထားလို့  မွတ်စလင်မ်လူဦီးရေနဲနဲပဲရှိတယ်ဆိုတာ၊ မွတ်စလင်မ်ဆိုင်ရှားတယ်ဆိုတာ သိထားတယ်။ ဒါပေမဲ့ ဆိုင်ရှိလိုရှိညား လိုက်ရှာရင်း ဟလာလ်တံဆိပ်တွေ့ တော့ ၀င်စားဖြစ်တယ်။ ကျနော်လည်း မွတ်စလင်မ်ဆိုင်ဆိုတော့ ကြက်သားကြော်နဲ့  ထမင်းမှာ လိုက်တယ်။ တခြား ဘာဟင်းတွေ ရတယ်ဆို တာတောင် Menu ကြည့်မနေတော့ဘူး။ ကျနောမှာထားတာ ရောက်လုရောက်ခင်မှာ သူငယ်ချင်းတွေဝင်လာတယ်။ နောက်မှဝင်လာတဲ့သီငယ်ချင်းက Menu ကြည့်နေရင်း ကျနော့်ကို  "ဒီဆိုင်က မွတ်စလင်မ်ဆိုင်လဲပြောတယ် *က်သားဟင်းလည်းရောင်းတယ်ဆိုတော့ မင်းစားလို့ ဖြစ်လို့  လား"ဆိုပြီး မေးတော့မှ မီနူကိုကြည့်ဖြစ်တော့ ဟုတ်ပါတယ်။ သူပြောသလိုပါပဲ။ ကံကောင်းချင်တော့ မှာထားတဲ့ ကြက်သားကြော် မစားရသေးပါ။ အမှန်ကဒီလိုပါ။ ဆိုင