Posts

Showing posts from February 7, 2012

ဇေနာ နှင့် နေကာ

အသျှင်မြတ်သည် လူ့မျိုးဆက် ပြန့်ပွားရေး အတွက်အမျိုးသား နှင့် တို့တွင် သီးခြားဆွဲဆောင်မူ တစ်မျိုးစီဖြင့်ဖန်ဆင်းတော်မူထားသည်။ ထို့ကြောင့်စိတ်ဓာတ် ထကြွလာသည့်အခါ တစ်နည်းနည်းဖြင့် ဆန္ဒကိုဖြည့်ဆည်းလိုကြသည်။ ထိုသို့မဖြည့်ဆည်းရပါက အသိတရား ချွတ်ချော်မှားယွင်းသွားတတ်သည်။ ထိုတောင်းဆိုချက်ကို ဖြည့်ဆည်းရေးအတွက်ရှရီအသ်က နေကာ ကိုပြဌာန်းကာ ဇေနာကို ပိတ်ပင်ထားသည်။ ဇေနာကျုးလွန်ရန်မဆိုထားနှင့် ဇေနာမြောက်စေမည့် အနီးသို့ပင် မချဉ်းကပ်ရန် ဗျာဒိတ် တော်လာရှိသည်။ တစ်နည်းအားဖြင့် ဇေနာမူ ကျုးလွန်ရာ မြောက်သည့်အကြောင်းခံများကိုပင် ရှရီအသ်ကပိတ်ပင်ထားခြင်းဖြစ်သည်။ ထိုဇေနာမြောက် စေသောအချက်အချို့ များမှာ 1. ဂိုင်ရ်မဟ်ရမ်ကို ကြည့်ခြင်း မဟ်ရမ် ဆို သည်မှာ နေကာပြုပိုင် ခွင့်မရှိသူများကို ခေါ်သည်။ ဂိုင်ရ်မဟ်ရမ် ဆိုသည်မှာ နေကာပိုင် သော တစိမ်းတရံစာ များကိုခေါ်သည်။ ဆွေမျိုးနီးစပ်ချင်း လွယ်ကူစွာတွေ့ ဆုံခွင့်ရတတ်သော မတ်၊ခဲအို တို့သည် မောသ် ဖြစ်ကြောင်း ဟဒီးစ်တော် ကသတိပေးထားသည်။အထူးသဖြင့် ခါလာ မာမှူ ဖူဖီ နှင့် ကြာကြာ တို့ ၏သား ဖြစ်သော ဝမ်းကွဲတို့က ချိုသာသောစကားများ ပြောကြား လာပြီ ဆိုလျှင် တစ်ဖက်ကလည်း နူးညံ့