ဘာသာတရားအားလုံးကလူတွေကိုကောင်းတာတွေကိုပဲသင်ကြားထားပါရက်နဲ့ဘာကြောင့်အစ္စလာမ်ဘာသာကိုပဲလိုက်နာကြလို့ ဆိုထားရတာလဲ...
အားလုံးသော ဘာသာတရားတွေဟာ အခြေခံအရ ဆိုင်ရာ ဘာသာဝင်တွေကို ကောင်းရာကို လုပ်ကြဖို့ သွန်သင်ထားကြတာချည်းပါပဲ။ သူ့အနေနဲ့ ဘာသာတရားတွေထဲက ဘယ်တစ်ခုခုကိုပဲ ဖြစ်ဖြစ် လိုက်နာသွားလို့ရော မရနိုင်ဘူးလား။ အဖြေ ၁။ အစ္စလာမ်နဲ့ တခြား ဘာသာတရား အများစုအကြား အဓိက ကွဲပြားခြားနားချက်။ အားလုံးသော ဘာသာတရားတွေက အခြေခံအရ လူသားတွေ ကို ကောင်းရာကို ပြုကျင့်ပြီး မကောင်းရာကို ရှောင်ကျဉ်ကြဖို့ပဲ တိုက်တွန်း နှိုးဆော်ခဲ့ကြတာချည်းပါပဲ။ ကျွန်ုပ်တို့ တစ်ဦးချင်းမှာရော လူ့အသိုင်း အဝိုင်းတွင်းမှာပါ လက်တွေ့ကျကျ ကောင်းရာကို ပြုကျင့်သွားဖို့နဲ့ မကောင်းတာကို ရှောင်ကြဉ်ကြဖို့ကို လမ်းညွှန် ပေးနေကြပါတယ်။ အစ္စလာမ်က လူ့သဘာဝကိုရော လူ့အဖွဲ့အစည်းများရဲ့ ထွေထွေပြားပြား အဖြစ်ကိုပါ အသိအမှတ်ပြုထားပါတယ်။ အစ္စလာမ်က ဖန်ဆင်းရှင် ကိုယ်တော်တိုင်ဆီကလာတဲ့ လမ်းညွှန် ဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်ကို ဒီးနူလ်ဖိတရဟ် (လူသားရဲ့ သဘာဝဘာသာတရား) ရယ်လို့လည်း ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၂။ ဥဒါဟရုဏ်၊ အစ္စလာမ်က ခိုးဝှက်တိုက်ခိုက် လုယက်မှုကို တားမြစ် ထားသလိုပဲ ခိုးဝှက်တိုက်ခိုက်မှုကို ပပျောက်စေမဲ့ နည်းလမ်းကိုလဲပဲ ညွှန်ကြား