Posts

Showing posts from December 4, 2011

ကမ္ဘာကိုပြောင်းလဲတိုးတက်စေခဲ့သော အစ္စလာမ့်ပညာရှင် တို့၏ တီထွင်မှု များ (၁)

Image
ကော်ဖီ ကနေ စလို့ ချက်လက်မှတ်အဆုံး လူ့ဘ၀ နေ့စဉ်သုံးကိစ္စတွေမှာ မွတ်စလင် တို့ရဲ့ တီထွင်မှုတွေအများကြီးရှိနေပါတယ်။ အဲဒီအထဲက အနည်းငယ် ကို ထုတ်နုတ်တင်ပြလိုပါတယ်။ ကော်ဖီ ခါလိဒ် အမည်ရှိတဲ့ အရဘ်တစ်ယောက်ဟာ အီသီယိုပီးယား တောင်ပိုင်း ကဖ်ဖာဒေသမှာ ဆိတ်ကျောင်းလေ့ရှိတယ်။ သူရဲ့ ဆိတ်တွေဟာ ဘယ်ရီသီးတစ်မျိုး ကို စားပြိးတဲ့နောက် ပိုပြီး တက်ကြွဖြတ်လက်တာလကို သတိထားမိတယ်။ သူ ဟာ ဒီအသီးကို ရေနဲ့ကျိုးပြီ ပထမဆုံး ကော်ဖီလုပ်ခဲ့တယ်။ ဒီလိုသောက်တဲ့ဓလေ့ဟာ အီသီယိုပီးယား ကနေ ယီမင်ကို ရောက်လာတယ်။ ဆူဖီတွေ တစ်ညဉ့်လုံးနိုးကြားပြီး အထူးဆုတောင်းပွဲတွေ မှာသောက်သုံးကြတယ်။ ၁၅ရာစု နှောင်းပိုင်းလောက်မှာ မက္ကာ နဲ့တူရကီ အဲဒီကမှ ၁၆၄၅ ခုနှစ် မှာဗင်းနစ်ကို ရောက်တယ်။ အဲဒီကနေ မှ ၁၆၅၀ မှာ ပါစကွာရိုစီးလို့ တူရကီ အမည်ရှိဲ ကော်ဖီဆိုင်တစ်ခု လန်ဒန်မှာ ဖွင့်ခဲ့တယ်။ အရဗီလို ကဟ်ဝါ ၊ တူရကီလို ကဟ်ဗီ ကနေ အီတာလျံ လို ကဖေး ၊ အင်္ဂလိပ် လို ကော်ဖီ ဖြစ်လာတယ်။ ကင်မရာ ရှေးဂရိ တွေက ကျွန်တော် တို့မျက်စိများက မြင်နိုင်ဖို့ လေဆာလို အလင်းတန်း တွေထုတ်လွတ်တယ်လို့ယုံကြတယ်။ အလင်းတန်း ဟာ မျက်စိ ထဲကိုဝင်သွားပြီး ထင်ကျန်ရစ်တယ်လို့ ပထမဆုံး သိနားလည်သူက ၁၀ရ