အစ္စလာမ်မှ သားသမီးမွေးစားခွင့်ပြု/ မပြု........
မုဟမ္မဒ်အရှ်ရဖ် ။ ။ အစ္စလာမ်သာသနာတွင် သားသမီးမွေးစားခြင်းကို ခွင့်ပြုထားပါသလား။ ဒေါက်တာဇာကိရ်။ ။ ညီနောင်မှမေးသည်မှာ “အစ္စလာမ်၌ သားသမီး မွေးစားခြင်းကို ခွင့်ပြုထားပါသလား။” အသင်အနေနှင့် သားသမီးမွေးစားခြင်းဆိုသည်မှာ “ဆင်းရဲနွမ်းပါးသော ကလေးတစ်ယောက်ကို အသင်၏ အိမ်သို့ခေါ်၍ ယင်းကလေးအတွက် ယာယီနေရာထိုင်ခင်း၊ စားသောက်စရိတ်၊ အ၀တ်အစားဆင်မြန်းပေးခြင်း”ဟု ဆိုလိုပါသလား။ ယင်းသို့ဆိုလိုလျှင် ထိုအချက်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အလေးအနက်ထား၍ ဖော်ပြထားပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဆင်းရဲသားများ၊ လိုအပ်လျှက်ရှိသောပုဂ္ဂိုလ်များကို ကူညီထောက်ပံ့မှုပြုပါလေဟု ဖော်ပြပါရှိပေသည်။ ကလေးတစ်ယောက်ကို အသင့်အိမ်သို့ခေါ်ဆောင်၍ ယင်းကလေးအား ဖခင်၏ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချစ်ခင် ယုယစွာ ဆက်ဆံနိုင်ပေသည်။ အစ္စလာမ့်သဘောအရ အသင့်အနေနှင့် ကလေးကို ဥပဒေအရ မွေးစားခြင်း မပြုနိုင်ပေ။ ယင်း(မွေးစားကလေး)ကို အသင့်အနေနှင့် အသင့်၏ နာမည်မပေးနိုင်ပေ။ ဥပဒေအရ သားသမီးမွေးစားခြင်းကို အစ္စလာမ်မှ တားမြစ်ထားခဲ့လေသည်။ အဘယ်ကြောင့်ပါနည်း။ အကြောင်းမူကား အကယ်၍ အသင့်အနေနှင့် ကလေးတစ်ယောက်ကို တရားဥပေ...