ကုရ်အာန်ထဲကသူတော်စင်လုက်မားန် သခင်ကြီး မိမိသားတော်အားဆုံးမခဲ့သည့် ရွှေစကားများ.......
၁။—–အိုချစ်သား သင်သည် စိတ်ကြီးဝင်ခြင်းနှင့်မာန်မာန ထောင်လွှားခြင်းရှောင်ကြည်ပါ။ ၂။—–အိုချစ်သား သင်သည် ယဉ်ကျေးသိမ်မွေ့သော ပြောဆို ဆက်ဆံမှုကို ကျင့်သုံးပါ။ ၃။—–အိုချစ်သား သင်သည် လောကစည်းစိမ်ကို လိုအပ်သည့်အတိုင်းအတာနှင့်သာ ရောင့်ရဲတင်းတိမ်ပါ။ ၄။—–အိုချစ်သား သင်သည် မာနထက် ရိုကျိုးမှုကို မွန်မြတ်သည်ဟုမှတ်ယူပါ။ ၅။—–အိုချစ်သား သင်သည် မိမိကိုယ်ကိုမိမိ နှိမ့်ချသူ အဖြစ်သာပြုမူနေထိုင်ပါ။ ၆။—–အိုချစ်သား သင်သည် စကားပြောဆိုဆက်ဆံရာတွင် ဆင်ခြင်မြော်မြင်တွေးခေါ်ပြီးပြောဆိုဆက်ဆံပါ။ ၇။—–အိုချစ်သား သင်သည် မိမိလိုအပ်ချက်အပေါ် တစ်ပါးသူတို့အား အတင်းအမ္မစေခိုင်းမှုကို ရွံရှာမုန်းတီးပါ။ ၈။—–အိုချစ်သား မိမိတစ်တယောက်ကသာ ပိုနေမှုအပေါ်မနာလိုဝန်တိုမှုမရှိဘဲပျော်ရွှင်ကျေနပ်စွာပင် ကြည်ဖြူမှုကိုသာခံယူပါ။ ၉။—–အိုချစ်သား သင့်ထံ၌လိုအပ်သည်ထက်ပိုလျှံနေသောဥစ္စာပစ္စည်းများကိုအလ္လာအရှင်မြတ်လမ်းပေါ်၌သုံးစွဲခဲ့ပါ။ ၁၀။—–အိုချစ်သား တပါးသူ၏ မပြောပြလောက်သော ကျေးဇူးပြုခြင်းကို ကြီးမားလှသည်ဟု ယူဆကာ မိမိ၏ ကြီးမားလှသော ကျေးဇူးပြုခြင်းကို နည်းပါးလှသည်ဟု တွေးမြင်ယူဆပါ။ ၁၁။—–အိုချစ်သား သင်သည် အလ္လာအရှင်မြတ်အား တုဖက်နိုင်း ခြင်းမှ ရှောင်ကြဉ်