Posts

Showing posts from March 28, 2012

အိပ်စက်ခြင်း.....?

ပထမမှာ ပက်လက်အိပ်ခြင်း ၊ ဒုတိယမှာ ညာဘက်စောင်း၍ အိပ်ခြင်း၊ တတိယမှာ ဘယ်လက်စောင်း၍ အိပ်ခြင်း နှင့် စတုတ္ထမှာ မှောက်လျက် အိပ်ခြင်းတို့ ဖြစ်သည်။ သိရှိထားရမည်မှာ--- ပက်လက် အိပ်ခြင်းသည် နဗီတမန်တော်များ၏ နည်းလမ်းဖြစ်သည်။ ညာဘက်စောင်း၍ အိပ်ခြင်းသည် သူတော်စင် သူတော်ကောင်းတို့၏ နည်းလမ်းဖြစ်သည်။ ဘယ်ဘက်စောင်း၍ အိပ်ခြင်းဖြင့် အစာအလွန်ကြေစေသည်။ မှောက်၍အိပ်ခြင်းသည် ရှိုက်သွာန်၏ အိပ်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် ဗိုက်အပြည့် စားလိုက်ပါက ထိုသူ့အနေနှင့် ပထမတွင် ညာဘက်စောင်း၍ အနည်းငယ်ကြာအောင် လဲလျောင်းရပေမည်။ တဖန် ဘယ်ဘက်သို့ ပြောင်း၍ လဲလျောင်းရပေမည်။ ဤပုံစံဖြင့် အိပ်စက်ခြင်းဖြင့် ကောင်းမွန်စွာ အစာကို ကြေစေသည်။ ရှိုက်ခွလ် ရအ်အီးစ် သခင်၏ အဆိုမှာ နေ့အချိန်တွင် အလွန်အကျွံ မအိပ်စက်ရပေ။ အဘယ့်ကြောင့်ဆိုသော် နေ့အချိန် များစွာ အိပ်စက်ခြင်းဖြင့် ငြိမ်သက်၍ အိပ်ပျော်နေသော ရောဂါတို့ကို နိုးထစေသည်။ ထို့ပြင် သရက်ရွက်ကို မာကျောစေသည့်အပြင် အရောင်အဆင်းကို ပျက်စီးစေသည်။ သို့သော်လည်း ‘ကိုင်လူလတ်’ (ခေတ္တမျှ အိပ်ခြင်း) ကဲ့သို့ အိပ်စက်ခြင်းဖြင့် ကိစ္စမရှိပေ။ ၎င်း ‘ကိုင်လူလဟ်’ အိပ်စက်ြ