Posts

Showing posts from July 20, 2012

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

  နီယသ်....   ရိုဇာဟ်စောင့်ထိန်းရာတွင်နီယသ်ပြုခြင်းသည်အလွန်အရေးကြီးလှပေသည်၊၊ နီယသ်ပြုရာတွင်နှုတ်ဖြင့်ရွတ်ဆိုမှ ပိုင်သည်မဟုတ် စိတ်ဖြင့်ရည်မှတ်လျှင်လည် လုံလောက်၏။ နှုတ်ဖြင့်နီယသ်ပြုနိုင်လျှင်ပို၍ကောင်း၏။နှုတ်ဖြင့်ဆိုခြင်းမပြုဘဲစိတ်ထဲ ၌ပင်နီယသ်ပြုခြင်းဖြင့်မည်သို့မျှချို့ယွင်းချက်မရှိချေ။ ''ရိုဇဟ်'' ပျက်စေသောအချက်များ ''ရိုဇဟ်''ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ''ရိုဇဟ်'' ပျက်၍ ထိုရက်အစား ကဇွာ(၁)ရက်သာပြန်ဖြည့်ရ၏။ ဒုတိယ တစ်မျိုးမှာ ''ရိုဇဟ်''ပျက်၍ ကဇွာဖြည့်ရမည့်အပြင် ကဖ္ဖာရာဟ်လည်း ထိုက်၏။ အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဇွာသာဖြည့်ရ၏။ (၁) ''ဆွိယာမ်''စောင့်ထိန်းသောသူ၏ ပါးစပ်အတွင်းသို့ အခြား သူတစ်ဦးဦးက စားစရာ တစ်ခုခု အတင်းထိုးထည့်၍ လည်ချောင်း အတွင်းဝင်သွားခြင်း၊ (၂) ''ဆွိယာမ်''စောင့်ထိန်းထားကြောင်း သတိရှိလျက်နှင့် ပလုပ်ကျင်း နေစဉ် ရည်ရွယ်ချက်မရှိဘဲလည်ချောင်း အတွင်း ရေဝင်သွားခြင်း၊ (၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည်မျိုချခြင်း၊ (၄) လက်ထိုး၍ ပါးစပ္အျ