တမန်တော်မြတ်(ဆွ)၏ သြဝဒတော်များ.......
၁။ အကြင် သူသည်ဆွေမျိုးဖြတ်က ငါအရှင်သည်လည်း ၎င်းနှင့်အဆက်ဖြတ်တော်မူမည်၊ ဟု၍ဖြစ်၏။ ( သစ်ရ်မိဇီကျမ်း ) ၂။ တမန်တော်မြတ်(ဆွ)က အမျိုးဆက်သောသူ၏ အသက်သည် ရှည်လျား၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း ) ၃။ နှစ်ပေါင်းငါးရာအကွာအဝေးမှပင် ရနိုင်သည့် ဂျန္နသ်သုခဘုံ၏ မွှေးရနံ့များကို ဆွေမျိုးဖြတ်သူ၊ ရှုရှိုက်ခံစားရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့၏။ ( သွဗရာနီကျမ်း ) ၄။ တမန်တော်မြတ်(ဆွ)က မိဘနှစ်ပါးတို့အား ကျွေးမွေးပြုစု၊စောင့်ရှောက်ခြင်းသည် စွလာသ်ဝတ်ပြုခြင်း၊ စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဟဂ်ျနှင့်အွန်ရဟ်တို့ကို ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ် လမ်းတော်၌ စစ်ပွဲဆင်နွဲခြင်း၊ စသည့်ကျင့်စဉ်မွန်တို့ထက်သာ၍မြတ်၏။ ( အဗူဟအ်လာကျမ်း၊ သွဗရာနီးကျမ်း ) ၅။ မိခင်၏ဝတ္တရားသည် ဖခင်၏ဝတ္တရားထက် နှစ်ဆပို၏။( အစ်ဗ်နုမနီးအ်ကျမ်း ) မိဘတို့သည် မိမိတို့ အသက်ထင်ရှားရှိစဉ် ကာလ၌ သားသမီးတို့အားပေးကမ်းလိုသော် သားသမီးအားလုံး၊ အညီအမျှခွဲဝေပေးကြရမည် ဟုမိန်တော်မူခဲ့၏။ ( သွဟာဝီကျမ်း ) ၆။ အိမ်နီးချင်းတို့၏ ဝတ္တရားမှားနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)က ကိယာမသ် ကမ္ဘာ့တရားခွင်နေ့တွင် အိမ်နီးချင်းများ၏ ဝတ္တရားများနှင့်စပ်လျဉ်း ဦးစွာမေးမြန်း စ