Posts

Showing posts from July 23, 2012

သရာဝီးဟ်နမားဇ်....

 ရမ်ဇွာန်လတွင် အိရှာ ဖရဇ်နမားဇ်နှင့် စွန္နသ်နမားဇ်များအပြီးတွင် သရာဝီးဟ်နမားဇ် ရကအသ်(၂၀)ဖတ်ခြင်းသည် မုစ်လင်မ်အမျိုးသားအမျိုးသမီးတိုင်းအပေါ် စွန္နသိမုအက္ကဒဟ်ဖြစ်သည် ။ (ဒွရ်ရေမုခ်သားရ် တွဲ ၂ စာ ၄၃ ၊၄၄ ) အမျိုးသားများအတွက် သရာဝီဟ်နမားဇ်အား ဂျမာအသ်နှင့်တကွဖတ်ခြင်းသည် စွန္နသေကိဖာရဟ်ဖြစ်သည် ။ သို့ ဖြစ်ပေရာ အကယ်၍ ရပ်ကွက်သားတချို့ သည် ရပ်ကွက်ဗလီတွင် သရာဝီးဟ်နမားဇ်ကို ဂျမာအသ်နှင့်ဝတ်ပြုနေကြပြီး တချို့ ကမူ ဗလီ၌ ဝတ်မပြုပဲ မိမိအိမ်၌သာဝတ်ပြုခဲ့သော် ထိုသို့  အိမ်မှာဝတ်ပြုလိုက်ခြင်းဖြင့် စွန္နသ်အထမြောက်သွားပေမည် ။ သို့ သော် ဗလီတွင်ဖတ်သောစဝါးဗ် နှင့် ဂျမာအသ်နှင့်ဖတ်ခြင်း၏ စဝါးဗ်အားရရှိမည်မဟုတ်ပေ ။ အကယ်၍ ရက်ကွက်သားတို့ သည် ရက်ကွက်ဗလီ၌ပင် သရာဝီဟ်နမားဇ်အား ဂျမာအသ်နှင့် ဝတ်ပြုခြင်းမပြုပါမူ ထိုရပ်ကွက်သားအားလုံးတို့သည် စွန္နသ်ကိုလွတ်သည့်အပြစ်ကို ခံကြရမည်ဖြစ်သည် ။ (ရှာမီတွဲ ၂ ၊ စာ ၄၅ ) အကယ်၍ အိမ်၌ ပုဂ္ဂိုလ်တချို့ ပေါင်း၍ ဂျမာအသ်နှင့် သရာဝီးဟ် နမားဇ်ဝတ်ပြုလိုက်ပါမူ စွန္နသ်အထမြောက်သွားပေမည် ။ သို့ သော် ဗလီတွင်ဖတ်သည့် စဝါးဗ်ရရှိမည်မဟုတ်ပေ ။ (ရှာမီ တွဲ ၂ စာ ၄၅ ) သရာဝီဟ်နမားဇ် ရကအသ်(၂၀)အား စလာမ် ဆယ်ခုနှင်