ကုရ်အာန် ဗဟုသုတများ......?
၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။ အဖြေ >>>၁၀ - နှစ် ၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသနည်း။ အဖြေ >>>မက္ကာမြို့ ၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။ အဖြေ >>>၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက် ၄။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။ အဖြေ >>>စူရဟ် ဖွာတေဟာ ၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။ အဖြေ >>>စူရဟ် အလ်ဖွာတေဟာ ၆။စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။ အဖြေ >>>၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။ ၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။ အဖြေ >>>မရ်ယမ်သခင်မ ၈။ညွှန်ကြားချက်အများဆုံးကို ကုရ်အာန်၏ မည်သည့်စူရဟ်မှာ တွေ့ရှိရပါသနည်း။ အဖြေ >>>စူရဟ် အလ်ဗကရဟ် ၉။ ဗစ္စမီလ္လာဟ်နှင့် စတင်ထားခြင်းမရှိသည့် စူရဟ်ကား အဘယ်နည်း။ အြေ