ကိယာမသ်၏ သေးငယ်သောနမိတ်လက္ခဏာများ .......

"ကိယာမသ်"၏နမိတ်လက္ခဏာများနှင့်စပ်လျင်း၍သာဝကကြီးအလီ(ရသွေ့ )
သခင်ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွ)ကမိန့်ကြားတော်မူသည်မှာ
ကိယာမသ်နီးကပ်လာလျှင်-
၁။လူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များအား ဖီဆန်လာ
ကြမည်။
၂။ခင်ပွန်းယောက်ျားများသည် ဇနီးမိန်းမများ၏ သြဇာကိုနာခံလာကြ
မည်။
၃။သားသမီးများသည် မိဘများ၏အမိန့်ကိုနာခံမှုမပြုဘဲ လူဆိုးလူမိုက်များ
နှင့်သာမိတ်ဆွေဖွဲ့ ပျော်ပါးလာကြမည်။
၎။သာသနာ့ပညာတစ်စတစ်စ မှေးမိန်ပျောက်ကွယ်ပြီး ပညာမဲ့လူပြိန်းများ
ပေါများလာမည်။
၅။အဆိုးဆုံးနှင့်ကိုယ်ကျင့်တရားအပျက်ပြားဆုံးသူများက ခေါင်းဆောင်အုပ်ချုပ်
လာကြမည်။
၆။အရည်အချင်းမရှိသူမထိုက်တန်သူများသည် လုပ်ငန်းကွပ်ကဲမှုများကိုအပ်နှံ
ခြင်းခံကြရမည်။
၇။သေရေ၊သေရက်သောက်စားမှုများပြားလာမည်။
၈။တရားတော်အရအကျိုးမရှိသောကစားနည်းများနှင့်အတီးအမှုတ်အဆိုအက
များလွတ်လွတ်လပ်လပ်ပေါများလာမည်။
၉။ကာမေသုမိစ္ဆာစာရကံကျူးလွန်မှု များပြားလာမည်။
၁၀။မွတ်စလင်တစ်ဦးနှင့်တစ်ဦးတွေ့ဆုံသောအခါ"စလာမ်"မေတ္တာပို့သ၍
နှုတ်ဆက်ခြင်းမပြုတော့ဘဲ ဆဲဆို၍ နှုတ်ခွန်းဆက်သကြလိမ့်မည်။
၁၁။နှလုံးသားအတွင်းဍ် သစ္စာသမာဓိ စိတ်ဓါတ်များနှင့်အကြင်နာမေတ္တာ
တရားခေါင်းပါးလာကြပြီးအရှက်အကြောက်ကင်းမဲ့လာကြမည်။
၁၂။တမန်တော်မြတ်၏သြ၀ါဒများအား လုပ်ကြံလိမ်လည်၍ဆင့်ပြန်လာကြမည်။
၁၃။မွတ်စလင်မ်များကို ကာဖိရ် ငြင်းပယ်သူနှင့် မွရှ်ရီက် တုပကိုးကွယ်သူများက
အဖက်ဖက်မှ ဖိနှိပ်လာကြမည်။
၁၄။ကမ္ဘာတစ်ဝှမ်း နေရာအနှံအပြားပြင်းထန်စွာ မြေငလျင်များလှုပ်လာမည်။

အထက်ဖေါ်ပြပါအချက်များသည်ကိယာမသ် ကမ္ဘာကြီးပျက်စီးကာနီး ဖြစ်
ပေါ်လာမည့်နမိတ်လက္ခဏာများဖြစ်သည်။

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )