အိမ်သာနှင့်ပတ်သက်သည့် စည်းကမ်းချက်များ .....

၁ . အိမ်သာသို့ ဘယ်ခြေဖြင့် ၀င်ရမည်။ ထွက်လျှင် ညာခြေဖြင့်ထွက်ရမည်။

၂ . ကျင်ကြီး၊ ကျင်ငယ်စွန့်ချိန်တွင် ကေဗလာဟ် ဘက်သို့ မျက်နှာမူခြင်း၊
ကျောပေးခြင်း မပြုလုပ်ရ။

၃ . ဘယ်လက်ဖြင့် အစ်သင်ဂျာဟ်ပြုလုပ်ရမည်။

၎ . အိမ်သာတွင်းသို့ ခေါင်းဆောင်း၍ ဖိနပ်စီးပြီး ၀င်ရမည်။

၅ . ကလေမာဟ် (သို့မဟုတ်) အာယသ်တစ်ခုခု (သို့မဟုတ်) အလ္လာ့ဟ် နှင့် ရစူလ်၏
နာမတော်များ ရေးထားသည့် လက်စွတ်ကို ၀တ်၍ အိမ်သာထဲသို့မ၀င်ရ။

၆ . အိမ်သာအတွင်းဝင်နေစဉ် အရေးမကြီးဘဲ စကားမပြောရ။ အိမ်သာတွင်းမှ
စလာမ်ပေးခြင်း၊ စလာမ်ယူခြင်း မပြုလုပ်ရ။

၇ . အကြောင်းမဲ့ ချောင်းမဟန့်ရ။ အကြောင်းမဲ့ (သို့မဟုတ်) ဝေဒနာမခံစားရဘဲ
မတ်တတ်ရပ်၍ သော်လည်းကောင်း၊ အိပ်၍သော်လည်းကောင်း ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။

၈ . ၀တ်လစ်စလစ်အနေအထားဖြင့် ကျင်ငယ် မစွန့်ရ။

၉ . အိမ်သာတက်ချိန်တွင် နှုတ်လျှာ ဖြင့် “အလ်ဟမ်ဒုလိလ္လာဟ်” မဆိုရ။

၁၀.
ကျင်ငယ်စွန့်စဉ် ကိုယ်ခန္ဓာနှင့် အ၀တ်အစားတို့တွင် ကျင်ငယ်စက်များ
မစွန်းစေရန် သတိပြုရမည်။



  တမန်တော်မြတ်(ဆွ)အမိန့်တော်ရှိတော်မူသည်။သေးစက်များမှ မရှောင်ကြဉ်ခြင်းကြောင့် ကဗရ်အဇားဗ် ခံရမည်။

ကန်ဇွလ်မစာအိလ် 1 မှ ကူးယူသည်

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )