ဝူဇူလုပ်နည်း......

၁) လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ သုံး ခါဆေးရမည်။
၂) အာခေါင်စိုသည်အထိ သုံး ခါ နှုတ်ကျင်းရမည်။
၃) သုံးခါနှာခေါင်းဆေးရမည်။
၎) သုံး ခါ မျက်နှာသစ်ရမည်။ (နဖူးဆံစမှ အောက်မေးအောက်အထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ)
၅) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ သုံး ခါဆေးရမည်။
၆) မဆဟ်လုပ်ရမည်။
၇) ခြေထောက်ကို ခြေမျက်စိအပါအ၀င်သုံး ခါဆေးရမည်။
မှတ်ချက်။ ။ အချက်တိုင်းကို ညာဖက်မှစလုပ်ပြီး အစိတ်အပိုင်းတစ်ခုမခြောက်မီ နောက်တစ်ခု ဆက်တိုက် ဆေးကြောရမည်။

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

အစ္စလာမ်က ဝက်သား စားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ

ဝူဇူပြုလုပ်ခြင်း......???