ဝူဇူပြုလုပ်ခြင်း......???

                                                 ဝူဇူဖရဇ်များ
၁) မျက်နှာသစ်ခြင်း( နဖူးဆံစမှ အောက်မေးစိအထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ) 
၂) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ သုံးခါဆေးကြောခြင်း
၃) ဦးခေါင်း၏ လေးပုံတစ်ပုံထက်မနည်း မဆဟ်ပွတ်သပ်ခြင်း
၎) ခြေနှစ်ဖက်ကို ခြေမျက်စိပါအောင် ဆေးကြောခြင်း

                                   ဝူဇူ၏ မက်ရူးဟ် အချက်များ 

၁) မသန့်ပြန့်သော နေရာတွင်ထိုင်၍ ဝူဇူလုပ်ခြင်း
၂) ရေကိုလိုသည်ထက်ပိုသုံးခြင်း
၃) ရေကိုလိုသည်ထက် လျှော့သုံးခြင်း
၎) မျက်နှာကိုရေဖြင့် ပက်ရိုက်ဆေးခြင်း
၅) ယာလက်ဖြင့် နှာခေါင်းကိုဆေးကြောခြင်း
၆) ဝူဇူပြုနေစဉ် လောကီစကားပြောခြင်း
၇) စွန္နသ်နည်းလမ်းများနှင့်ဆန့်ကျင်လျက် ဝူဇူပြုခြင်း


                                                    ဝူဇူပျက်စေသော အချက် (၈) ချက်

၁) ကျင်ကြီး ကျင်ငယ် စွန့်ခြင်း (သို့) ဒွါရမှ တစ်စုံတစ်ရာထွက်ခြင်း
၂) လေလည်ခြင်း
၃) ခန္ဓာကိုယ်မှ သွေး၊ ပြည် စသည်တို့ စီးတွေခြင်း
၎) ခံတွင်းအပြည့်အန်ခြင်း
၅) မှီလျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ အိပ်ပျော်သွားခြင်း
၆) အကြောင်းတစ်ခုခုကြောင့် မူး၍သတိလစ်သွားခြင်း
၇) ရူးသွပ်သွားခြင်း
၈) နမာဇ်ဝတ်ပြုနေစဉ် အသံထွက်ရယ်မောခြင်း


                                             

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )