အနည်းငယ်မျှသော(မာန)၏ရလဒ်...

အမရ်ဗင်န် အပ်က်ဝအ် (ရသွေ့)သခင်မှ ဆင့်ပြန်ခဲ့သည်မှာ.. တနေ့တွင်
တမန်တော်မြတ်(ဆွ)၏ရှေ့တော်မှောက်တွင် ပုဂ္ဂိုလ်တစ်ဦးမှာ ဘယ်လက်ဖြင့်
စားသုံးမှု့ပြုနေသည်။(အရဗ်လူမျိုးအများစုသည် ဘယ်ဘက်လက်ဖြင့်
စားသုံးလေ့ရှိကြသည်) ထိုအခါ တမန်တော်မြတ်(ဆွ)က ထိုပုဂ္ဂိုလ်အား
သတိပေးသည့်အနေဖြင့် {ညာဘက်လက်နှင့် စားသုံးပါကွာ} အလ္လာဟ်အသျှင်မြတ်က
ငါတို့ရဲ့ဘဝတည်ဆောက်ရမယ့် ပုံစံနှင့်ပတ်သက်ပြီး လမ်းညွှန်ချက်ပေးထားရာမှာ
ကောင်းမွန်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်တဲ့အခါမှာ ဘယ်လက်ထက်ညာလက်ကို
ဦးစားပေးရမယ်လို့ မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့်ငါတမန်တော်မြတ်ကလည်း
ကောင်းမွန်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါမှာ ညာလက်ကို
ဘယ်လက်ထက်ဦးစားပေးတော်မူတယ်ဟု မိန့်ကြားလိုက်ရာ ထိုပုဂ္ဂိုလ်က
{ဒါကငါ့ကိုသက်သက်မဲ့ တမန်တော်ကသိက္ခာချတာပဲ
ဒီလောက်အသေးအဖွဲကိစ္စရပ်ထိလိုက်ပြီး ပြောနေတော့တာပဲ} စသဖြင့်တွေးကာ မာနဖြင့်
ကျွနုပ်ညာဘက်လက်နှင့်မစားသုံးနိုင်ဘူးဟု ဖြေကြားလိုက်လေသည်။
တမန်တော်မြတ်(ဆွ)ကလည်း ထိုသူ၏ဖြေကြားချက်ကြားသိရပြီးနောက်.... {အေး ကောင်းပီ
အသင်တစ်သက်လုံးညာလက်နဲ့ စားသုံးနိုင်မှာမဟုတ်ဘူး}ဟု မိန့်ကြားလိုက်လေသည်။
ထိုအတိုင်းတမန်တော်မြတ်(ဆွ)မိန့်ကြားပြီးသည့်နောက် ထိုပုဂ္ဂိုလ်သည်
မိမိသက်တမ်းတစ်လျှောက်လုံးတွင် ၄င်း၏ညာဘက်လက်သည် သူ၏ပါးစပ်နားသို့ပင်
မရောက်နိုင်တော့ပေ။ ဖော်ပြခဲ့သည့်အတိုင်း အလ္လာဟ်အမိန့် ရစူလ်အမိန့်
တစ်ခုခုကို မိမိစိတ်နှင့်ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ
မိမိဦးနှောက်မှ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ နာခံဆောက်တည်ရမည်မှာ မိမိ၏တာဝန်သာဖြစ်သည်.....။
မှတ်ချက်  >>>မုဖ်သီသကီးအွတ်စ်မာနီ ပြုစုခဲ့သော စွန္နသ်တော်များကို မသရော်ပါနှင့်ဆိုသည့်စာအုပ်မှ ကောက်နှတ်တင်ပြခြင်းဖြစ်ပါသည် ။

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )