ကုရ်အာန် ဗဟုသုတများ......?

၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။
အဖြေ >>>၁၀ - နှစ်
၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသနည်း။
အဖြေ >>>မက္ကာမြို့
၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။
အဖြေ >>>၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
၎။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
အဖြေ >>>စူရဟ် ဖွာတေဟာ
၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
 အဖြေ >>>စူရဟ် အလ်ဖွာတေဟာ
၆။စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
 အဖြေ >>>၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။
၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။
 အဖြေ >>>မရ်ယမ်သခင်မ
၈။ညွှန်ကြားချက်အများဆုံးကို ကုရ်အာန်၏ မည်သည့်စူရဟ်မှာ တွေ့ရှိရပါသနည်း။
 အဖြေ >>>စူရဟ် အလ်ဗကရဟ်
၉။ ဗစ္စမီလ္လာဟ်နှင့် စတင်ထားခြင်းမရှိသည့် စူရဟ်ကား အဘယ်နည်း။
 အဖြေ >>>စူရဟ်သောင်ဗဟ် 
၁၀။ ကုရ်အာန်၏ မည်သည့်စူရဟ်တွင် ဗစ္စမီလ္လာဟ် နှစ်ကြိမ်ပါရှိသနည်း။
 အဖြေ >>>စူရဟ် အလ်နမလ်
 ၁၁။ တမန်တော် အသီးသီး၏နာမည်ဖြင့် အမည်တပ်ထားသော စူရဟ်များမှာ ကုရ်အာန်ထဲတွင် ဘယ်နှစ်ခုပါရှိသနည်း။
 အဖြေ >>>(က) စူရဟ် အလ်ယူနွတ်စ် (ခ) စူရဟ် အလ်ဟူးဒ် (ဂ) စူရဟ် အလ်ယူစုဖ်(ဃ) စူရဟ် အလ်နူးဟ် (င) စူရဟ် အလ်မုဟမ္မဒ်
 ၁၂။ ကုရ်အာန်၏ မည်သည့်အပိုင်းမှာ အာရ်တွလ်ကုရ်စီ (ပလ္လင်တော်ကဏ္ဍ)ကို တွေ့ရှိနိုင်ပါသနည်း။
 အဖြေ >>>တတိယပိုင်းအစ (ကဏ္ဍ ၂၊ ပါဒ ၂၅၅)
 ၁၃။ ကုရ်အာန်ထဲတွင် ဂုဏ်ပေးဖော်ပြထားသော တမန်တော်မဟုတ်သည့် လူပုဂ္ဂိုလ်သုံးပါး၏အမည်ကား အဘယ်နည်း။
 အဖြေ >>>လွတ်ကမန်း အဇီဇ်(အီဂျစ်မှ) နှင့် ဇုလ်ကရ်နိုင်း
 ၁၄။ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာက အာဂုံဆောင်ထားခဲ့ရသော တစ်ခုတည်းသော ကျမ်းစာကား မည်သည်နည်း။
 အဖြေ >>>ကုရ်အာန်ကျမ်းတော်မြတ်
 ၁၅။ ကုရ်အာန်၏ အာယသ်အချို့ကို ကြားနာခဲ့ကြသော ဂျင်န်များက အချင်းချင်းဘယ်သို့ ဆိုခဲ့ကြပါသနည်း။
 အဖြေ >>>ကျွန်ုပ်တို့သည် မှန်ကန်သောလမ်းကို ညွှန်ပြသည့် စံတုမဲ့ ရေးသားချက်ကို ကြားနာခဲ့ရပါသည်။
အမှန်ပင် ကျွန်ုပ်တို့ ယင်းကို ယုံကြည်ခဲ့ကြပါသည်။
 ၁၆။ ကျမ်းမြတ်ကုရ်အာန်ကို ကမ္ဘာ့ဘာသာစကား ဘယ်နှမျိုးနှင့် ဘာသာပြန်ဆိုပြီးခဲ့ပါပြီနည်း။
 အဖြေ >>>၁၀၃-မျိုးခန့်
 ၁၇။ ကုရ်အာန်ထဲတွင် ယင်း၏ မျိုးဆက်သုံးဆက်မှ တမန်တော်များကို ဖော်ပြခံထားရသော တမန်တော်၏အမည်ကား အဘယ်နည်း။
 အဖြေ >>>အီဗရာဟီမ် နဗီ
၁၈။ ကမ္ဘာကြီး၏ အစနှင့်အဆုံး နိဂုံးကို အရှင်းလင်းဆုံးဖော်ပြထားသော ကျမ်းဂန်ကား အဘယ်နည်း။
 အဖြေ >>>ကုရ်အာန်ကျမ်း
 ၁၉။ ကုရ်အာန်အရ မက္ကာမြို့ကို အခြား မည်သည့်အမည်ဖြင့် ခေါ်ဆိုထားပါသနည်း။
 အဖြေ >>>ဗက္ကာဟ်နှင့် ဗလဒုလ်အမီးန်
 ၂၀။ မဒီနာမြို့ကို ကုရ်အာန်ကပေးထားသော အခြားအမည်တစ်ခုကို ပြောပြပါ။
အဖြေ >>>ယသရိဗ်မြို့
 ၂၁။ ကုရ်အာန်က မည်သူ၏မျိုးဆက်ကို ဗနီအစ္စရာအီလ်ဟူ၍ ခေါ်ဆိုထားပါသနည်း။
 အဖြေ >>> တမန်တော်ယာကုဗ်၏မျိုးဆက်
 ၂၂။ ကုရ်အာန်ထဲတွင် တိရစ္ဆာန်အမည်နှင့်ရှိနေသော စူရဟ်မည်မျှရှိသနည်း။
 အဖြေ >>>စူရဟ် ၆-ခုရှိသည်။ (က) အလ်ဗကရဟ်(နွားမကဏ္ဍ) (ခ) အလ်အန်အမ်း(သားကောင်များကဏ္ဍ) (ဂ) အလ်နဟလ်(ပျားများကဏ္ဍ) (ဃ) အလ်နမလ်(ပုရွက်ဆိတ်ကဏ္ဍ) (င) အလ်အန်ကဗူးသ်(ပင့်ကူကဏ္ဍ) စူရဟ် (စ) အလ်ဖီးလ်(ဆင်ကဏ္ဍ)
 ၂၃။ မည်သည့်စူရဟ်ကို လအမည်ပေးထားသနည်း။
 အဖြေ >>>အလ်ကမရ် (စူရဟ် ၅၄)
 ၂၄။ ကြယ်အမည်နှင့် မည်သည့်စူရ်ဟ်ကို ပေးထားသနည်း။
 အဖြေ >>>အလ်နဂျမ် (စူရဟ် ၅၃)



Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )