အာလမေ့ဗရ်ဇခ်ဆိုတာဘာလဲ.....

လူသာတစ်ဦးကွယ်လွန်သေဆုံးသည့်
အချိန် ဤှ်လောကီ ဒွန္နယာမှ( အာလမေ့ဗရ်ဇခ် )ခေါ်ဗရ်ဇခ်လောကသို့ကူးပြောင်ရောက်ရှိသွားလေသည်။ယင်း ၏ပမာသည်မွေးကင်စ ကလေးတစ်ဦးကျဉ်းမြောင်းမှောင်မိုက်သည့်မိခင်၏၀မ်းဗိုက်လောကမှထွက်လာပြီးဒွန္နယာလောကသို့ရောက်ရှိလာသကဲ့သို့
ဖြစ်သည်။ထိုဗရ်ဇခ်လောကမှတစ်ဖန် (အာခေရသ်)လောကသို့ထပ်မံ ၍်ခရီးဆက်ရပေဦးမည်။
ဗရ်ဇခ်သည်သေပြီးနောက် ကိယာမသ် အထိ ကြားကာလကိုဆိုလိုသည်။
ဗရ်ဇခ် အဓိပ္ပာယ်မှာ (ပရ်ဒါဟ်)အကားအဆီဟူ၍်ဖြစ်သည်။အဘယ်ကြောင်ဆိုရသော်ဤှ် ဗရ်ဇခ်သက်တမ်းသည်ဒွန္နယာ လောကနှင့်နောင်တမလွန် (အာခေရသ်)အကြားရှိနေမည်ဖြစ်သောကြောင်၎င်းအာြး ကားကာလဟုခေါ်ဆိုရခြင်းဖြစ်သည်။ဟဒီးဆ်တော်များ၌ဗရ်ဇခ်လောက ၏အေးချမ်းမူ၊ပြစ်ဒဏ်အဇားဗ်နှင့်စပ်လျဉ်း ၍် (ကဗရ်)စာလုံးကိုသာလျှင်သုံးနှုန်းထားသည်။၎င်း ပြင်မီးသဂြိုလ်ခြင်းခံရသောသူသေနှင့်ရေနစ်ရှ်သေဆုံးသူများသည်ကိုယ်
ခန္ဓာအစိတ်အပိုင်းများတစ်စစီပျောက်ပျက်သွားသောကြောင့်
ထိုသူအတွက် ဗရ်ဇခ်လောကမရှိပါဟုမမှတ်ယူအပ်ပေ၊၊ကိုယ်ခန္ဓာအစိတ်အပိုင်းများပျက်စီးသွားသော်လည်း ရူးဟ် ၀ိညာဉ်ကားရှိနေပေသည်၊၊၄င်းပြင် စ၀ါးဗ် နှင့်အဇားဗ်သည် ရူးဟ်ဝိညာဉ်ကိုသာအခြေခံသည်၊၊
အလ္လာဟ်အရှင်မြတ်ပျက်စီးသွာသောကိုယ်ခန္ဓာအစီတ်အပိုင်းအစအားလုံးကိုပကတိအတိုင်ပြန်လည်း ၍်စုစည်းကာအသက်သွင်းဖန်ဆင်နိုင်သောအရှင်ဖြစ်တော်မူပေသည်၊၊ ၄င်းပြင်ဟဇ်ရသ် အာအိရှာ (ရသွေ့ )
သခင်မဆင့်ပြန်သည့်ဟဒီးဆ်တော်တစ်ရပ်၌........
အကြင်သူတစ်ဦးတစ်ယောက်သည်မိမိ၏နောင်တော် “မုစလ်မာန်”တစ်ဦး၏ (ကဗရ်)အား ဇိယာရသ်ပြုလုပ်သည့်အချိန် ကဗရ်ထဲ၌ရှိနေသူသည်၎င်း၏စလာမ်အားတုံ့ပြန်အဖြေပေးလေသည်....ဟုလာရှိပေသည်၊၊
မှတ်သာဖွယ်ရာ......
အကြင်မုစ်လင်မ်တစ်ဦးသည် ဗရ်ဇခ်လောကနှင့် ကဗရ် အဇားဗ်နှင့်စပ်လျဉ်း၍် ဒွိဟရှိပါက (သို့လောသို့လောဖြစ်နေပါက) ဤှ်အာယသ်တော်ကိုငြင်းဆန်ရာရောက်ေ
သာကြောင့်ထိုသူကာဖိရ်ဖြစ်ရာတွင်ယုံမှားသံသယမရှိချေ။ ၄င်းပြင်ထိုသူအပင်ပန်းခံခဲ့သည့်ကောင်မှုကျင့်စဉ်အာလုံးသည် ထိုယကီးန်ကြောင့်ကိယာမသ်နေ့တွင်လွင့်ပျံနေသည့်ဖုန်မှုန့်ပမာအချည်းနှီးဖြစ်သွားရပေမည်။ယင်းအာယသ်တော်မှာ
النَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا ۖ وَيَوْمَ تَقُومُالسَّاعَةُ أَدْخِلُوا آلَ فِرْعَوْنَ أَشَدَّ الْعَذَابِ 
ပြန်ဆိုသူ မော်လာနာကာရီမုဟမ္မဒ်ယူနွစ် (မအူပင်)၏ဗရ်ဇခ်အကြောင်းသိကောင်စရာစာအုပ်မှကူယူဖော်ပြခြင်းဖြစ်ပါသည်၊၊

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )