တွာလူးသ်ဘုရင်သည်မည်သည့်တမန်တော်ခေတ်ကဖြစ်သနည်း.......?

တွာလူးသ်ဘုရင်သည်တမန်တော်ဒါဝူးဒ်
(အ)ခေတ်ကမုစ်လင်မ်တို့၏ဘုရင်ဖြစ်ခဲ့၏။။၎င်းသည်တမန်တော်ဒါဝူးဒ်အပေါ်မနာလိုစိတ်ရှိခဲ့သည်ပြင်လုပ်ကြံသတ်ဖြတ်ရန်ဆိုင်းပြင်းခဲ့သည်။
အိုလမာပညာရှင်များကတားမြစ်ကြသော်လည်းတားမြစ်သောအာလင်မ်ပညာရှင်များကို၎င်းဘုရင်ကအဆုံးစီစဉ်သည်။၎င်ဘုရင်ကြီး၏လက်ချက်ဖြင့်အာလင်မ်ပညာရှင်ပေါင်းမြောက်များစွာ
အသက်ဆုံးရှုံးခဲ့ရသည်။သတိသံဝေဂနောင်တရလာသောအခါတောထဲသို့သွား၍ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည်။ထိုအခါအာဗိဒ်သူတော်စင်အမျိုးသမီးတစ်ဦးက၄င်ကိုတမန်တော်ယူရှအ်(အ)
၏အုတ်ဂူ(ကဗရ်)သို့ခေါ်သွားခဲ့၏။အလ္လာဟ်အရှင်မြတ်အမိန့်တော်ဖြင့်ရှင်ပြန်ထတော်မူပြီးတွာလူးသ်ကိုမိန့်တော်မူသည်မှာ----အသင်သည်မိမိသားများနှင့်အတူအလ္လာဟ်လမ်းတော်တွင်ကြိုးပမ်
တိုက်ခိုက်ခြင်းဖြင့်ရှဟီးဒ်ဖြစ်သွားခဲ့လျှင်သင်၏ သောင်ဗာအမှားဝန်ချတောင်ပန်းမူကဗူလ်လက်ခံမူဖြစ်သွာလိမ့်မည်။ထိုနောက်၎င်းဘုရင်ကြီးသည်ထိုစကားအတိုင်းပြုကျင့်ခဲ့လေသည်။
(အလ်ဗေဒါယဟ်၊စာ-၉)အတွဲ၂
အမေး------ရှိုက်သွာန်သည်နဗီတစ်ပါးပါး၏ရုပ်ဆင်းသဏ္ဌန်ဖြင့်ဟန်ဆောင်နိုင်ပါသလား........???
အဖြေ------မည်သည့်ရှိုက်သွာန်မှမည်သည့်နဗီ၏ရုပ်ဆင်းပုံစံသဏ္ဌန်ဖြင့်ဟန်ဆောင်၍မရနိုင်ပါ။ (ဖသ၀ါမဟ်မူဒီယာ-စာ၁၀၆)
တမန်တော်ဒါဝူးဒ်(အ)၏ ခေတ်ကာလ၌ “အိုင်လာ” ဒေသနေ အမျိုသားများသည် အလ္လာရှင်မြတ်၏ အမိန့်တော်ကို ဖီလာဆန့်ကျင်ကြသည်။ အရှင်မြတ်က စနေနေ့ တွင် ငါးမဖမ်းကြရဟူသော အမိန့်ကိုဆန့်ကျင်၍ ထိုနေ့တွင် ငါးဖမ်းကြသောကြောင့် အပြစ်ဒဏ်အဖြစ် ဖီဆန်သူအပေါင်းတို့အား လူအဖြစ်မှ မျောက်အဖြစ်သို့ ပြောင်းလဲ ပစ်တော်မူခဲ့လေသည်။ ထိုပြစ်ဒဏ်ခတ်ခြင်း ခံရသူတို့သည် မျောက်ဘဝဖြင့် သုံးရက်နေပြီး သေကြေပျက်စီးကုန်ကြလေသည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ဒါဝူးဒ်(အ) ထံသို့ “ဇဗူးရ်ကျမ်း” ကိုချပေး တော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) ယခုလက်ရှိ “ဂျေရုဆလင်မြို့”၌ တည်ရှိ သော “ဗိုင်တွလ်မိုကတ်ဒတ်စ်” ကျောင်းတော်ကို အုတ်မြစ်ချတော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) သည် နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ် တော်မူခဲ့သည်။
တမန်တော်ဒါဝူးဒ်(အ) သည် သက်တော်(၁၀၀)နှစ်တွင် အလ္လာဟ်အမိန့်ကို ခံယူခဲ့ လေသည်။ ထိုအချိန် “ဗိုင်တွလ်မိုကတ်ဒတ်စ်” ကျောင်းတော်မှာ ဆောက်တည်၍ မပြီးသေးသဖြင့် သားတော်ဆိုလိုင်မန်(အ)အား ၄င်းကျောင်းတော်ပြီးမြောက်သည် အထိ တည်ဆောက်ရန် မှာတမ်းပြုခဲ့လေသည်။ နဗီတမန်တော်ဒါဝူးဒ်(အ) ကွယ်လွန် ချိန်၌ သားတော်(၁၂) ပါး ကျန်ရစ်ခဲ့လေသည်။


Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )