သရာဝီးဟ်နမားဇ်....

  •  ရမ်ဇွာန်လတွင် အိရှာ ဖရဇ်နမားဇ်နှင့် စွန္နသ်နမားဇ်များအပြီးတွင် သရာဝီးဟ်နမားဇ် ရကအသ်(၂၀)ဖတ်ခြင်းသည် မုစ်လင်မ်အမျိုးသားအမျိုးသမီးတိုင်းအပေါ် စွန္နသိမုအက္ကဒဟ်ဖြစ်သည် ။ (ဒွရ်ရေမုခ်သားရ် တွဲ ၂ စာ ၄၃ ၊၄၄ )
  • အမျိုးသားများအတွက် သရာဝီဟ်နမားဇ်အား ဂျမာအသ်နှင့်တကွဖတ်ခြင်းသည် စွန္နသေကိဖာရဟ်ဖြစ်သည် ။ သို့ ဖြစ်ပေရာ အကယ်၍ ရပ်ကွက်သားတချို့ သည် ရပ်ကွက်ဗလီတွင် သရာဝီးဟ်နမားဇ်ကို ဂျမာအသ်နှင့်ဝတ်ပြုနေကြပြီး တချို့ ကမူ ဗလီ၌ ဝတ်မပြုပဲ မိမိအိမ်၌သာဝတ်ပြုခဲ့သော် ထိုသို့  အိမ်မှာဝတ်ပြုလိုက်ခြင်းဖြင့် စွန္နသ်အထမြောက်သွားပေမည် ။ သို့ သော် ဗလီတွင်ဖတ်သောစဝါးဗ် နှင့် ဂျမာအသ်နှင့်ဖတ်ခြင်း၏ စဝါးဗ်အားရရှိမည်မဟုတ်ပေ ။ အကယ်၍ ရက်ကွက်သားတို့ သည် ရက်ကွက်ဗလီ၌ပင် သရာဝီဟ်နမားဇ်အား ဂျမာအသ်နှင့် ဝတ်ပြုခြင်းမပြုပါမူ ထိုရပ်ကွက်သားအားလုံးတို့သည် စွန္နသ်ကိုလွတ်သည့်အပြစ်ကို ခံကြရမည်ဖြစ်သည် ။ (ရှာမီတွဲ ၂ ၊ စာ ၄၅ )
  • အကယ်၍ အိမ်၌ ပုဂ္ဂိုလ်တချို့ ပေါင်း၍ ဂျမာအသ်နှင့် သရာဝီးဟ် နမားဇ်ဝတ်ပြုလိုက်ပါမူ စွန္နသ်အထမြောက်သွားပေမည် ။ သို့ သော် ဗလီတွင်ဖတ်သည့် စဝါးဗ်ရရှိမည်မဟုတ်ပေ ။ (ရှာမီ တွဲ ၂ စာ ၄၅ )
  • သရာဝီဟ်နမားဇ် ရကအသ်(၂၀)အား စလာမ် ဆယ်ခုနှင့်တကွ ဝတ်ပြုရမည်ဖြစ်သည် ။ (ဆိုလိုသည်မှာ နှစ်ရကအသ်စီခွဲ၍ဖတ်ရမည် ။ နှစ်ရကအသ်ပြည့်တိုင်းစလာမ်တစ်ကြိမ်ပေးရမည် ။) သရာဝီဟ်(၄)ရကအသ်ဝတ်ပြုပြီးသည့်အခါတိုင်း နာမားဇ်(၄)ကအသ်ဖတ်နိုင်လောက်သည့်အတိုင်းအတာခန့်  ခနတာနားရမည်ဖြစ်သည် ။ ထိုသို့ နားနေစဉ်အခိုက် နဖိလ်နမားဇ်ဝတ်ပြုခြင်း ၊ ကိရာအသ်ဖတ်ခြင်း ၊ သပ်ဗီးဟ်စိတ်ခြင်း ၊ တိတ်စိတ်စွာနေခြင်း စသည်ဖြင့်ပြုပိုင်ပေသည် ။ (ရှာမီ တွဲ ၂ စာ ၄၅  ၊ ၄၆ ) သို့ သော် အကယ်၍ နမားဇ်(၄)အသ်ဖတ်နိုင်လောက်သည့်အတိုင်းအတာခန့်  အနားယူခြင်းဖြင့် မုက်သဒီ(နောက်မှလိုက်ဖတ်သူ)များကို အခက်အခဲဖြစ်နိုင်ပါက ခနတာခန့် မျှသာ နားသင့်ပေသည် ။ (ဒွရ်ရေမုခ်သားရ် တွဲ ၂ ၊ စာမျက်နှာ ၄၇ )
  • သရာဝီဟ်နမားဇ်တွင် ကုရ်အာန်တစ်အုပ်လုံးကို ခသမ်တစ်ကြိမ်ဖတ်ခြင်းသည် စွန္နသ်ဖြစ်ပေသည် ။ အကယ်၍ မုက်သဒီများ ဆန္ဒရှိပါက ၂ခသမ် ၊ သုံးခသမ် စသည်ဖြင့် ပြုပိုင်ပေသည် ။ (ဒွရ် ၂  ၊ ၄၆ )
  • သရာဝီဟ်နမားဇ်တွင် ကုရ်အာန်တစ်အုပ်လုံးအား ခသမ်လုပ်ပြီးသွားခဲ့သော ရမ်ဇွာန်လမြတ်၏ ကျန်ရှိနေသောရက်များတွင်လည်း သရာဝီဟ် နမားဇ်ကို ဆက်၍ ဖတ်သွားရမည်ဖြစ်သည် ။ အကြောင်းမှာကား သရာဝီးဟ်ဖတ်ခြင်းသည် စွန္နသ်တစ်ခုဖြစ်၍ ၊ ကုရ်အာန် ခသမ်လုပ်ခြင်းသည် သီးခြားစွန္နသ်တစ်ခုဖြစ်သောကြောင့်ဖြစ်သည် ။
  • အကယ်၍လူတစ်ယောက်သည် အိရှာဂျမာအသ်လွတ်သွားခဲ့ပါမူ ထိုသူသည် ဗလီသို့ ရောက်သောအခါ ဦးစွာပထမ အိရှာဖရဇ်နမားဇ်အား တစ်ကိုယ်တည်းဖတ်လိုက်ရမည် ။ ထို့ နောက် သရာဝီဟ်နမားဇ်အား အိမာမ်၏နောက်မှလိုက်၍ ဝတ်ပြုရမည် ။  ဝိသိရ်ကိုလည်း အိမာမ်နှင့်တကွဝတ်ပြုရမည် ။ ထို့ နောက်လွတ်သွားသော သရာဝီးဟ်နမားဇ်များကို ပြန်၍ ဖြည့်ရမည်ဖြစ်သည် ။ (ဒွရ် ၂ ၊ ၄၄ )
  •  အရွယ်ရောက်ပြီးသားသူတို့ အဖို့  အရွယ်မရောက်သေသောကလေးငယ်၏နောက်တွင် ဖရ်ဇ်နမားဇ် ၊ သရာဝီဟ်နမားဇ် အစရှိသည့်တို့ အားဝတ်ပြုခြင်းမပိုင်ပေ ။ (ဒွရ် ၁ ၊ ၅၇၈ )
  • ခရီးသည်အဖို့  အခက်အခဲမရှိပါက သရာဝီဟ်နမာဇ်ဖတ်ခြင်းသည် သာမြတ်ပေသည် ။ (ဒွရ် ၂ ၊ ၁၃၁)
  • သရာဝီဟ်နမာဇ်၏အချိန်မှာ အိရှာနမားဇ်ဝတ်ပြုပြီးသည့်အချိန်မှစ၍ စွဗ်ဟေ့စွာဒိက် အချိန်ထိပင်ဖြစ်သည် ။ အကယ်၍ လူတစ်ယောက်သည့် ပထမတစ်ရက်တွင် သရာဝီဟ်နမားဇ်လွတ်သွားခဲ့ပါမူ ယင်းသရာဝီဟ်နမားဇ်အား ဒုတိယရက်တွင် ကဇွာဖြည့်ရန်မလိုပေ ။ သို့ သော် တမင်သက်သက် လွတ်ခဲ့ခြင်း၏အပြစ်ကိုခံရမည်ဖြစ်သည် ။ (ရှာမီ ၂ ၊ ၄၄ ၊ ၄၅ )
  •  Copy -(www.mmolama.org )

    Popular posts from this blog

    ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

    ဝူဇူလုပ်နည်း......

    ကုရ်အာန်နီ ဒိုအာများ.......( 2 )