အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ.........?

မော်လဝီ ကာရီ ရဟ်မသွလ္လာဟ်(အဇီဇီ)
    ယနေ့ ကျွန်ုပ်တို့သည် သိပ္ပံခေတ်ကိုရောက်ရှိနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်း ပညာမှာ နေ့ချင်းညချင်းဆိုသလို တိုးတက်လျက်ရှိသည်။ တိုးတက်လာသည်နှင့်အမျှ ဖန်ဆင်းရှင်၏လက်ရာများကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာသည်။အရာရာသည် ဆင့်ကဲဖြစ်စဉ်အတိုင်း ဖြစ်ပေါ်လာသည်ဟုဆိုသူ ]ဒါဝင်}၏အယူအဆကို လူတော်တော်များများ နှစ်ပေါင်းများစွာကတည်းက လက်ခံထားကြသည်။ ]ဒါဝင်}ခေတ်ကုန်၍ နှစ်(၁၀ဝ)ကျော်သို့ ရောက်ရှိလာသောအခါ များစွာသော သိပ္ပံ၏ပညာရပ်များ ကျွန်ုပ်တို့ရရှိလာကြသည်။ အသစ်ရရှိလာသော သိပ္ပံပညာရပ်များသည် အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း ကျွန်ုပ်တို့ကို ပို၍ ယုံကြည်စေလာသည်။
    ကျွန်ုပ်လေ့လာစူးစမ်းမိသမျှ ခြုံငုံကြည့်မည်ဆိုလျှင် အကြောင်းခံ(၇)ခုကို တွေ့ထားပါသည်။ ထိုအကြောင်းခံ (၇)ခုသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်တည်ရှိ ကြောင်း ခိုင်ခိုင်မာမာယုံကြည်ရန် တွန်းပို့ပေးနေပါသည်။
ပထမအကြောင်းခံ
    ပမာအားဖြင့်ဆိုကြပါစို့။ ကျွန်ုပ်တို့သည် ပိုက်ဆံ အြွေကစေ့ ဆယ်စေ့ကိုယူပြီး တစ်စေ့စီ၌ (၁)မှ (၁၀) အထိ နံပါတ်များတပ်၍ အိတ်တစ်ခုအတွင်းသို့ ထည့် လိုက်ပါ။ တစ်ဖန် ထိုအိတ်ကိုကောင်းစွာလှုပ်ပါ။ ထို့နောက် (၁)မှ (၁၀)အထိ နံပါတ်အစဉ်လိုက် ပြန်ထုတ်နိုင်ရန် ကြိုးစားကြည့်ပါ။ အမှတ်စဉ်(၁) တပ်ထားသော အြွေကစေ့သည် ပထမဦးဆုံး ပေါ်ထွက်လာဖို့အတွက် သင်္ချာနည်းအရကြည့်လျှင် (၁၀)ကြိမ်ခန့် နှိုက်ပြီးမှ တစ်ကြိမ် ဖြစ်ကောင်းဖြစ်နိုင်သည်။
    အကယ်၍ အမှတ် စဉ်(၁)အြွေကစေ့ပြီးနောက် တစ်ဆက်တည်း အမှတ် စဉ်(၂) အကြွေစေ့ပေါ်ထွက် လာအောင် ကြိုးစားကြည့် မည်ဆိုလျှင် အကြိမ်တစ်ရာ ခန့်ပြန်နှိုက်မှ တိုက်ဆိုင် နိုင်မည်ဟု ထင်သည်။
    ထိုနည်းတူစွာ နံပါတ်(၁)၊ နံပါတ်(၂)၊ နံပါတ်(၃) တို့အစဉ်လိုက်ထွက်လာရန် ကြိုးစားမည်ဆိုလျှင် အကြိမ် (၁၀ဝ၀)ခန့်မှ တစ်ကြိမ်တိုက်ဆိုင်နိုင်မည်ဟု ခန့်မှန်း ရသည်။
    နံပါတ်(၁)မှ (၁၀)အထိ တစ်ခုပြီးတစ်ခု နံပါတ်စဉ် လိုက်မလွဲဘဲ ထွက်လာဖို့ဆိုသည်မှာ အကြိမ်ဆယ်သန်းမှ တစ်ကြိမ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ကောင်းဖြစ်နိုင်မည်။
    အထက်ပါသဘောတရားကို ကောင်းစွာနားလည် လျှင် လူ့ဘဝတစ်ခုကို ခန့်မှန်းကြည့်ပါ။ ဘဝ၏အသေး တကာ့အသေးဆုံး ဖြစ်အင်ကလေးသည်ပင် တိုက်ဆိုင်၍ ဖြစ်ပျက်သည်မဟုတ်၊ ယင်း၏နောက်ကွယ်၌ စနစ်တကျ ဖန်တီးထားသော အစီအစဉ်တစ်ရပ်ရှိနေပါသည်။
    လူတစ်ယောက် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် အခြေအနေအရပ်ရပ်နှင့် လိုအပ်ချက်များ စနစ်တကျ ဖြည့်ဆည်းလှုပ်ရှားနေမှုများမှာ သဘာဝ အလျောက် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပျက်နေခြင်းမဟုတ်ပါ။ ယင်း၏နောက်ကွယ်၌ အခိုင်အမာဖန်တီးထားသော တန်ခိုးရှင်၏လက်ရာကို တွေ့နိုင်ပါသည်။
    ကျွန်ုပ်တို့ နေထိုင်နေသည့် ကမ္ဘာကြီးသည် တစ်နာရီလျှင် မိုင်(၁၀ဝ၀)နှုန်းဖြင့် မိမိဝင်ရိုးအပေါ် လည်ပတ်နေသည်။ အကယ်၍ တစ်နာရီလျှင် မိုင်(၁၀ဝ) နှုန်းဖြင့် လျော့၍လည်ပတ်မည်ဆိုလျှင် ကမ္ဘာကြီးတစ်ခု လုံး၏ အစီအစဉ်နှင့် အခြေအနေအရပ်ရပ်မှာ လုံးဝ ကပြောင်းကပြန်ဖြစ်သွားမည်ဖြစ်သည်။ နေ့နှင့်ညမှာ ဆယ်ဆပို၍ အချိန်များလာမည်။ နေ့တာရှည်လျားလွန်း သည့်အတွက် ကျွန်ုပ်တို့၏လယ်ယာများသည် ကြာရှည်စွာ နေပူဒဏ်ခံရသည့်အတွက်ကြောင့် လောင်ကျွမ်းကုန်မည် ဖြစ်သည်။ ညအချိန် ရှည်လျားလွန်းသောကြောင့် အစေ့မှအညှောင့်ထွက်လာမည့်အပင်ငယ်များသည် ဆက်လက်မထွက်နိုင်တော့ ဘဲ တစ်ပိုင်းတစ်စနှင့် ရပ် တန့်သွားလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့ကမ္ဘာ၏နေမင်းကြီး ၏ မျက်နှာပြင် အပူရှိန်မှာ ၁၂၀ဝ၀ ဒီဂရီဖာရင်ဟိုက် ဖြစ်ပါသည်။ နေမင်းကြီး၏ အပူရှိန်နှင့် အလင်းရောင် သည် အလွန်ပြင်းထန်သော်ငြားလည်း ကျွန်ုပ်တို့ကမ္ဘာ မြေကြီးအတွက် လိုအပ်သလောက်သာ အလင်းရောင်နှင့် အပူရှိန်ရရှိနိုင်မည့်အကွာအဝေး၌ ထားရှိထားသည်။ ထိုအတိုင်းအတာထက်ပို၍ နီးကပ်ခြင်းလည်းမရှိ။ ဝေးကွာ ခြင်းလည်းမရှိပါ။
    အကယ်၍ လက်ရှိနေမင်းမှရရှိနေသည့် အပူရှိန် အား ၅၀% လျော့ချလိုက်လျှင် ကျွန်ုပ်တို့အားလုံး ရေခဲတုံး ကဲ့သို့ ခဲသွားမည်။ အပူရှိန်ကို ၅၀%တိုးမြှင့်ပေးလိုက်လျှင် ကျွန်ုပ်တို့အားလုံး လောင်ကျွမ်းပြီး ပြာဖြစ်သွားမည်။
    ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃ƒ ဒီဂရီ တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် ရာသီဥတုများ သာယာနေခြင်း ဖြစ်ပါသည်။ အကယ်၍ ထိုသို့တိမ်းစောင်း ခြင်းမရှိပါက ပင်လယ်သမုဒ္ဒရာများ၏ ရေလှိုင်းတံပိုး များနှင့်ရေမြှုပ်များသည် ကမ္ဘာ့တောင်ဘက်နှင့် မြောက် ဘက်သို့ တက်ကြမည်ဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာ့တောင် ဘက်နှင့် မြောက်ဘက်၌ရှိသော ရေခဲများသည် အတိုင်း မသိပြိုဆင်းလာ၍ ကျွန်ုပ်တို့အပေါ် လွှမ်းမိုးသွားမည်ဖြစ် သည်။
    အကယ်၍ ကျွန်ုပ်တို့မြင်နေရသည့် လသည် ယခုတည်ရှိနေသည့် အကွာအဝေးမှ မိုင်ငါးသောင်း အကွာအဝေးသို့ နီးကပ်စွာရောက်ရှိလာလျှင် ကမ္ဘာပေါ် ၌ ဒီရေအတက်အကျပြင်းထန်လာမှုကြောင့် တစ်နေ့လျှင် နှစ်ကြိမ်တိုင်တိုင် ကမ္ဘာမြေကြီးသည် ရေလွှမ်းမိုးမှုခံရမည် ဖြစ်သည်။ ဒီရေများ လျှင်မြန်စွာ တက်၊ ကျ သည့်အတွက် ကြောင့် ရေစီးအား ပြင်းထန်စွာရိုက်ခတ်ကာ ကျွန်ုပ် တို့၏အဆောက်အဦများ၊ အိမ်များ၊ နံရံတံတိုင်းများနှင့် မြင့်မားသောတောင်ကြီးများပါ အစိတ်အစိတ်အမြွှာမြွှာ ကြေမွ၍ မျောပါကုန်ကြမည်ဖြစ်သည်။
   အကယ်၍ပင်လယ် သမုဒ္ဒရာ၏ ကြမ်းပြင် အနက် သည် လက်ရှိတည်ရှိနေ သည့်အနက်မှ ပေအနည်း ငယ် ပိုများလာမည်ဆိုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အောက်ဆီဂျင်တို့ ရောနှော သွားမည် ဖြစ်သည်။
    ဤအတိုင်းပင် အပင်များတိုးတက်ကြီးထွားမှု၊ သီးပွင့်မှုတို့သည်လည်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။
    အကယ်၍ ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာ သည် ယခုတည်ရှိနေသည့် အထူမှ ၁၀ ပေထပ်၍ ထူသွားမည်ဆိုလျှင် ကမ္ဘာပေါ်၌ အောက်ဆီဂျင်    ကုန်ခန်းသွားမည်ဖြစ်သည်။ အောက်ဆီဂျင်မရှိလျှင် ကမ္ဘာပေါ်၌ သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်တော့ပါ။
    ထိုနည်းတူစွာပင် ကောင်းကင်လေထုလွှာသည် လက်ရှိအခြေအနေထက် ပို၍ပါးလွှာသွားမည်ဆိုလျှင် အာကာသဟင်းလင်းပြင်၌ သိန်းပေါင်းများစွာသော တောက်လောင်နေသည့်ကြယ်၊ ဥက္ကာခဲများသည် ကမ္ဘာ့ မြေမျက်နှာပြင်အနှံ့အပြားအပေါ် ကျရောက်လာ၍ မီးတောက်မီးလျှံများ တောက်လောင်လာမည်ဖြစ်သည်။
    ထို့ပြင် ကျွန်ုပ်တို့သည် အခြားမြောက်မြားစွာ သောအချက်များကိုလေ့လာဆန်းစစ်၍  ပို၍နားလည်သိရှိ လာကြရသည်။ စကြဝဠာနှင့် ကမ္ဘာကြီး၏ စီမံကိန်းကြီးမှာ သဘာဝအလျောက် တိုက်တိုက်ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
                                ((ဆက်လက်ဖတ်ရှုပါရန်))

Popular posts from this blog

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ....

ဝူဇူလုပ်နည်း......

ကုရ်အာန်နီ ဒိုအာများ.......( 2 )